ယောဘဝတ္တု။ 38:18-30 Judson Bible (BJB)

18. မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူးသလော။ အလုံးစုံကို သိမြင်လျှင် ဘော်ပြလော့။

19. အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသနည်း။

20. အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်းအခြားဘို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကိုသိလိမ့်မည်။

21. သင်သည်ရှေးကာလ၌ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့်သိလိမ့်မည်။

22. သင်သည်မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူးသလော။

23. ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာများကို မြင်ဘူးသလော။

24. အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့်လွင့်သနည်း။

25. လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်းရွာစေခြင်းငှါ၎င်း၊

26. လွတ်လပ်သောလွင်ပြင်ကို ရေနှင့် ဝစေ၍၊ နုသောမြက်ပင်အညှာက်ကို ထွက်စေခြင်းငှါ၎င်း၊

27. လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။

28. မိုဃ်းရေ၏အဘကား အဘယ်သူနည်း။ နှင်းပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း။

29. ရေခဲသည်အဘယ်သူ၏ ဝမ်းထဲကထွက်လာသနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။

30. ရေသည်ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ်မျက်နှာတင်းမာလျက်ရှိ၏။

ယောဘဝတ္တု။ 38