ယောဘဝတ္တု။ 38:13-17 Judson Bible (BJB)

13. နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။

14. မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင်သကဲ့သို့ရှိ၏။

15. လူဆိုးတို့၏အလင်းသည်ကွယ်၍ ချီကြွသောလက်လည်း ကျိုးတတ်၏။

16. သင်သည်သမုဒ္ဒရာစမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူးသလော။

17. သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူးသလော။

ယောဘဝတ္တု။ 38