ယောဘဝတ္တု။ 37:17-22 Judson Bible (BJB)

17. မြေပေါ်မှာ တောင်လေဖြင့် အချမ်းပျောက်စေတော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သောအားဖြင့် နွေးသည်ကို၎င်း နားလည်သလော။

18. သွန်းသော ကြေးမုံကဲ့သို့တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။

19. ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက်မလျှောက်တတ်ကြ။

20. ငါပြောသောစကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍လူသည် ဘုရားသခင်ကိုလျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။

21. လေသည်လာ၍ မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။

22. မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။

ယောဘဝတ္တု။ 37