ယောဘဝတ္တု။ 36:10-15 Judson Bible (BJB)

10. ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။

11. စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့် ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။

12. နားမထောင်လျှင် ထားဘေးဖြင့်ဆုံး၍၊ ပညာအတတ်မရှိဘဲ သေတတ်ကြ၏။

13. အဓမ္မသဘောရှိသောသူတို့သည် အမျက်တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသောအခါ မအော်ဟစ်တတ်ကြ။

14. အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သောသူတို့နှင့်အတူ ဆုံးတတ်ကြ၏။

15. အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင်တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေခြင်းငှါ ပြုတော်မူ၏။

ယောဘဝတ္တု။ 36