ယောဘဝတ္တု။ 35:4-9 Judson Bible (BJB)

4. သင်နှင့်သင်၏အပေါင်းအဘော်တို့စကားကို ငါချေပါမည်။

5. မိုဃ်းကောင်းကင်ကိုမျှော်၍၊ သင့်ထက်မြင့်သော မိုဃ်းတိမ်တို့ကို ကြည့်ရှုလော့။

6. သင်သည် ဒုစရိုက်ကိုပြုသော်လည်း၊ ဘုရားသခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း။ ပြစ်မှားသော အပြစ်များသော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။

7. သင်သည် ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း။ သင့်လက်မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း။

8. သင်ပြုသောဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသောသုစရိုက်သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။

9. များပြားသော ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက်သောကြောင့်၊ ပြင်းစွာအော်ဟစ်တတ်ကြ၏။

ယောဘဝတ္တု။ 35