22. မတရားသဖြင့် ကျင့်သောသူ၏ပုန်းရှောင်ရာ မှောင်မိုက်၊ သေမင်းအရိပ်တစုံတခုမျှမရှိ။
23. ဘုရားသခင့်ရှေ့တော်၌ လူသည်တရားတွေ့သောအခါ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်းမရှိ။
24. အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ၏။
25. သို့ဖြစ်၍ သူတို့ပြုသမျှကို သိတော်မူသဖြင့်၊ ညဉ့်မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီးတော်မူ၏။
26. သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ်တော်မူ၏။
27. အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကို ငြင်းပယ်ကြ၏။ ပြုတော်မူသောအမှုတို့ကို အလျှင်းမဆင်ခြင်ကြ။
28. ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေးသံကိုကြားတော်မူရ၏။
29. ဘုရားသခင်သည် ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက်တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။