1. တဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊
2. အကြားအမြင်များသောပညာရှိတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။
3. ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။
4. ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရားသဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင်အားဖြင့် သိမှတ်ကြကုန်အံ့။
5. ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင်သည် ငါ့ကို အမှုရှုံးစေတော်မူ၏။
6. ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။