ယောဘဝတ္တု။ 33:1-4 Judson Bible (BJB)

1. သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။

2. ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသော အခါ၊

3. ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည် ရှင်းလင်းသောပညာစကားကို မြွက်ဆိုလိမ့်မည်။

4. ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏အသက်တော်သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။

ယောဘဝတ္တု။ 33