11. သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်းလင့်ပြီ။ သင်တို့သည် ပြောစရာကိုရှာဖွေ၍ ဆွေးနွေးသောစကားကို ငါနားထောင်ပြီ။
12. စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ်သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။
13. သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
14. ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီမဟုတ်။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။