ယောဘဝတ္တု။ 31:2-6 Judson Bible (BJB)

2. သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူမည်နည်း။

3. ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြမည် မဟုတ်လော။

4. ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင်တော်မူသည် မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော။

5. မုသာလမ်းသို့ ငါလိုက်မိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်၎င်း၊

6. မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ။

ယောဘဝတ္တု။ 31