12. ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှကို သုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။
13. ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့် တရားတွေ့စရာအမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊
14. ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါ့ပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း။
15. ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။ တပါးတည်းသောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည် မဟုတ်လော။
16. ငါသည် ဆင်းရဲသားတောင့်တသောအရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေခြင်းငှါ ပြုဘူးသလော။
17. မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ၊ ငါတယောက်တည်း စားဘူးသလော။