ယောဘဝတ္တု။ 30:4-13 Judson Bible (BJB)

4. စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏။

5. လူနေရာမှ နှင်ထုတ်ခြင်းကိုခံရ၍၊ သူခိုးကိုလိုက်သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ်ကြ၏။

6. ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။

7. ချုံဖုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင်အောက်မှာ စုဝေးလျက် နေကြ၏။

8. လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။

9. ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ်ပါသည်တကား။

10. ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ။

11. ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲတော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာဇက်ကြိုးကို လွှတ်တတ်ကြ၏။

12. သူငယ်တို့သည် ငါ့လက်ျာဘက်၌ထ၍၊ ငါ့ခြေကို တွန်းကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ၏။

13. ငါ့လမ်းကိုဖျက်၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစားကြ၏။ သူတို့တွင် သတိပေးသောသူမရှိ။

ယောဘဝတ္တု။ 30