ယောဘဝတ္တု။ 30:22-30 Judson Bible (BJB)

22. အကျွန်ုပ်ကို ချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။

23. သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့အဘို့ စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင်တော်မူမည်ဟု အကျွန်ုပ်သိပါ၏။

24. ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်း အချည်းနှီးဖြစ်၏။ ဖျက်ဆီးတော်မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။

25. အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူးပြီ မဟုတ်လော။

26. သို့သော်လည်း၊ ငါသည် ကောင်းကျိုးကို မြော်လင့်သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တသောအခါ မှောင်မိုက်ဖြစ်၏။

27. ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။

28. နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏။ ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။

29. မြေခွေးတို့နှင့် ညီအစ်ကိုတော်၏။ ကုလားအုပ်ငှက်တို့နှင့် ပေါင်းဘော်ရ၏။

30. အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။

ယောဘဝတ္တု။ 30