ယောဘဝတ္တု။ 30:1-3 Judson Bible (BJB)

1. ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှ နေရာမပေး။

2. သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။

3. ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတပါးများနှင့် မပေါင်းဘော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာအရပ်သို့ ပြေးကြ၏။

ယောဘဝတ္တု။ 30