8. လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်း ထ၍ မတ်တတ်နေကြ၏။
9. မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့နှုတ်ကို လက်နှင့် ပိတ်ကြ၏။
10. မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ၍၊ သူတို့လျှာသည် အာခေါင်၌ ကပ်လေ၏။
11. လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းကြီးပေးကြ၏။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ၏။
12. အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသောသူ အော်ဟစ်သောအခါ ကယ်တင်တတ်၏။
13. ပျက်လုသောသူ ကောင်းကြီးပေးခြင်းကို ငါခံရ၏။ မုတ်ဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။
14. ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ်ဆင်၏။ တရားသည် ငါ့ဝတ်လုံ ငါ့ပေါင်းဖြစ်၏။
15. မျက်စိကန်းသောသူတို့အား ငါသည် မျက်စိဖြစ်၏။ ခြေဆွံ့သော သူတို့အား ခြေဖြစ်၏။
16. ဆင်းရဲသောသူတို့၏အဘဖြစ်၏။ အသိအကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။
17. မတရားသောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူလုယူကိုက်စားသော အရာကို နှုတ်၏။