ယောဘဝတ္တု။ 29:1-9 Judson Bible (BJB)

1. ယောဘသည် လင်္ကာစကားကို ဆက်၍မြွက်ဆိုသည်ကား၊

2. ငါသည် လွန်လေပြီသောနှစ်၊ လ၊ ဘုရားသခင်စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ်ပါစေ။

3. ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြုလျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။

4. ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ်သကဲ့သို့ တဖန်ဖြစ်ပါစေ။

5. ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက်နေကြ၏။

6. ထိုအခါငါသွားသောလမ်း၌ နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဘို့ ဆီကိုသွန်းလောင်းလေ၏။

7. ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊

8. လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်း ထ၍ မတ်တတ်နေကြ၏။

9. မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့နှုတ်ကို လက်နှင့် ပိတ်ကြ၏။

ယောဘဝတ္တု။ 29