ယောဘဝတ္တု။ 28:24-28 Judson Bible (BJB)

24. ပညာနေရာအရပ်ကို သိတော်မူ၏။

25. လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီးစွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှတို့ကို မြင်တော်မူ၏။

26. မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာလမ်းကို ဖန်ဆင်းသောအခါ၊

27. ပညာကိုမြင်၍ ဘော်ပြတော်မူ၏။ ပညာတရားကိုထား၍ စုံစမ်းတော်မူ၏။

28. လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကိုရှောင်ခြင်းသည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွက်ဆို၏။

ယောဘဝတ္တု။ 28