12. သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည်နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
13. ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင်သောသူတို့၏ နေရာ၌ ရှာ၍မတွေ့နိုင်။
14. နက်နဲသောအရပ်က ငါ၌မရှိ။ ပင်လယ်ကလည်း၊ ငါ၌မရှိဟု ဆိုတတ်၏။
15. ရွှေစင်ကိုပေး၍ ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။
16. ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
17. ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေ မမှီနိုင်။ ရွှေစင်တန်ဆာများနှင့် ဖယ်လှည်၍မရနိုင်။
18. သန္တာနှင့် ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။
19. ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသောရွှေနှင့် ဝယ်၍ မရနိုင်။
20. သို့ဖြစ်၍၊ ပညာသည် အဘယ်ကလာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
21. အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။
22. အဗဒ္ဒုန်မင်းနှင့် သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
23. ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။
24. ပညာနေရာအရပ်ကို သိတော်မူ၏။
25. လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီးစွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှတို့ကို မြင်တော်မူ၏။
26. မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာလမ်းကို ဖန်ဆင်းသောအခါ၊