ယောဘဝတ္တု။ 28:11-18 Judson Bible (BJB)

11. စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသောအရာတို့ကို ထုတ်ဘော်တတ်၏။

12. သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည်နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။

13. ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင်သောသူတို့၏ နေရာ၌ ရှာ၍မတွေ့နိုင်။

14. နက်နဲသောအရပ်က ငါ၌မရှိ။ ပင်လယ်ကလည်း၊ ငါ၌မရှိဟု ဆိုတတ်၏။

15. ရွှေစင်ကိုပေး၍ ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။

16. ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာကျောက်နှင့် ဝယ်သော်လည်း မရနိုင်။

17. ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေ မမှီနိုင်။ ရွှေစင်တန်ဆာများနှင့် ဖယ်လှည်၍မရနိုင်။

18. သန္တာနှင့် ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။

ယောဘဝတ္တု။ 28