ယောဘဝတ္တု။ 26:12-14 Judson Bible (BJB)

12. တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော်မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော်မူ၏။

13. ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင်တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကိုလည်း ဖန်ဆင်းတော်မူ၏။

14. ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင်သနည်းဟု မြွက်ဆို၏။

ယောဘဝတ္တု။ 26