1-2. ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခုငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည်သာ၍ ပြင်းပါ၏။
3. ဘုရားသခင်ကိုတွေ့နိုင်သောအရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။
4. ရှေ့တော်သို့ရောက်မှ ငါသည်ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။
5. ငါ့အားပြန်ပြောမိန့်မြွက်တော်မူသောစကားတော်ကို ငါသိနားလည်ရ၏။
6. မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရားတွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင်တော်မူမည်။