ယောဘဝတ္တု။ 19:3-7 Judson Bible (BJB)

3. ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။

4. ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့် ငါသာဆိုင်၏။

5. သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက်ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊

6. ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။

7. ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှနားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။

ယောဘဝတ္တု။ 19