ယောဘဝတ္တု။ 19:21-25 Judson Bible (BJB)

21. အို အဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။

22. ဘုရားသခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကိုစား၍ မရောင်ရဲ့ဘဲနေကြသနည်း။

23. ငါ့စကားကိုယခုရေးမှတ်ပါစေသော။ စာရင်း၌သွင်းထားပါစေသော။

24. ခဲပြားပေါ်မှာကညစ်နှင့် အက္ခရာတင်လျက်၊ ကျောက်စာထိုး လျက်မြဲပါစေသော။

25. ငါ့ကိုရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည်ဟူ၍၎င်း၊

ယောဘဝတ္တု။ 19