9. ဂိုင်းပြုတ်၍ ခြေကိုမိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။
10. မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။
11. ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည်ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။
12. သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။
13. ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကိုမျိုလိမ့်မည်။
14. သူခိုလှုံရာအကြောင်းကို သူ၏နေရာမှပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ရှင်ဘုရင်ထံသို့ ဆောင်သွားရ၏။
15. သူ၏နေရာ၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည်။
16. သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။
17. မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ်ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။
18. သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှ နှင်ထုတ်ရ၏။
19. သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူအိမ်သားတယောက်မျှ မကျန်ရစ်ရ။
20. သူ၏လက်ထက်၌ရှိသောသူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။