3. သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့်မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။
4. အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။
5. အကယ်စင်စစ်ဆိုးသောသူ၏အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံမတောက်ရ။
6. သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။
7. ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။