ယောဘဝတ္တု။ 17:13-16 Judson Bible (BJB)

13. သင်္ချၖိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့်၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။

14. ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ဟူ၍၎င်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ်သည်ဟူ၍၎င်း ငါဆိုရ၏။

15. သို့ဖြစ်၍ အဘယ်သို့ ငါမြော်လင့်ရသနည်း။ ငါမြော်လင့်စရာအကြောင်းကို အဘယ်သူမြင်ရသနည်း။

16. ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။

ယောဘဝတ္တု။ 17