ယောဘဝတ္တု။ 15:4-10 Judson Bible (BJB)

4. သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆုတောင်းပဌနာပြုရာဝတ်ကို ဆီးတားတတ်၏။

5. သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကိုဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကိုသုံးတတ်၏။

6. ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သင့်တဘက်၌ သက်သေခံ၏။

7. သင်သည် အဦးဆုံးဘွားသောလူဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော။

8. ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူးသလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီလော။

9. ငါတို့မသိ၊ သင်သိသောအရာမည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာမည်မျှရှိသနည်း။

10. သင့်အဘထက်အသက်ကြီးသောသူ၊ ဆံပင်ဖြူသောသူတို့သည် ငါတို့တွင်ရှိကြ၏။

ယောဘဝတ္တု။ 15