2. ပညာရှိသောသူသည် လေနှင့်တူသော အချည်းနှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေနှင့်ပြည့်စေသင့်သလော။
3. အကျိုးမဲ့သောစကား၊ ကျေးဇူးမပြုနိုင်သောစကားနှင့် ဆွေးေနွးသင့်သလော။
4. သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆုတောင်းပဌနာပြုရာဝတ်ကို ဆီးတားတတ်၏။
5. သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကိုဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကိုသုံးတတ်၏။
6. ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သင့်တဘက်၌ သက်သေခံ၏။
7. သင်သည် အဦးဆုံးဘွားသောလူဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော။
8. ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူးသလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီလော။
9. ငါတို့မသိ၊ သင်သိသောအရာမည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာမည်မျှရှိသနည်း။
17-19. ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကိုပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသောအရာ၊ ငါ့ကိုယ်တိုင်မြင်သောအရာကို ငါပြသမည်။
20. ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကိုခံရ၏။ ညှဉ်းဆဲတတ်သောသူသည် မိမိအသက်အပိုင်းအခြားကို မသိရ။
21. သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီးသော သူသည် လာတတ်၏။
22. မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့်စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
23. စားစရာကို ရှာ၍လှည့်လည်ရ၏။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။
24. ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့်နေသောရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။
25. အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက်ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
26. လည်ပင်းကိုဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး၏။
27. မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ်၍၊ ဝမ်းပျဉ်းအသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။
28. သို့သော်လည်း လူဆိတ်ညံသောမြို့၊ အဘယ်သူမျှမနေ။ လဲလုသော အိမ်တို့၌ သူသည်နေရ၏။
29. ငွေမရတတ်ရ၊ သူ၏စည်းစိမ်မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွါးရ။
30. သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင်ပယ်ရှင်းခြင်းကို ခံရ၏။