1. တဖန်တေမန် အမျိုးသားဧလိဖတ်မြွက်ဆိုသည်ကား၊
2. ပညာရှိသောသူသည် လေနှင့်တူသော အချည်းနှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေနှင့်ပြည့်စေသင့်သလော။
3. အကျိုးမဲ့သောစကား၊ ကျေးဇူးမပြုနိုင်သောစကားနှင့် ဆွေးေနွးသင့်သလော။
4. သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆုတောင်းပဌနာပြုရာဝတ်ကို ဆီးတားတတ်၏။
5. သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကိုဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကိုသုံးတတ်၏။
6. ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သင့်တဘက်၌ သက်သေခံ၏။
7. သင်သည် အဦးဆုံးဘွားသောလူဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော။
8. ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူးသလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီလော။
17-19. ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကိုပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသောအရာ၊ ငါ့ကိုယ်တိုင်မြင်သောအရာကို ငါပြသမည်။