ယောဘဝတ္တု။ 13:23-26 Judson Bible (BJB)

23. အကျွန်ုပ်ပြုမိသောဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း။ အကျွန်ုပ်ပြစ်မှားကျူးလွန်ခြင်းအပြစ်တို့ကို ကျွန်ုပ်အား ပြတော်မူပါ။

24. ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။

25. လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူမည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည်လော။

26. အကျွန်ုပ်၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ်တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။

ယောဘဝတ္တု။ 13