8. မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။
9. ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။
10. အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝအသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက်သည် ဘုရားသခင့်လက်တော်၌ ရှိ၏။
11. ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။
12. အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ၏။
13. ဘုရားသခင်မူကား၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သောအခွင့်ရှိတော်မူ၏။
14. ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှတည်ဆောက်ရသော အခွင့်မရှိ။ လူကိုချုပ်ထားသော်မူလျှင် အဘယ်သူမျှလွှတ်ရသောအခွင့်မရှိ။