ယောဘဝတ္တု။ 12:14-21 Judson Bible (BJB)

14. ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှတည်ဆောက်ရသော အခွင့်မရှိ။ လူကိုချုပ်ထားသော်မူလျှင် အဘယ်သူမျှလွှတ်ရသောအခွင့်မရှိ။

15. ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုးကြ၏။

16. တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။

17. တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။

18. ရှင်ဘုရင်တို့ကိုအရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။

19. ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။

20. နှုတ်သတ္တိရှိသောသူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ၏။

21. မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသောသူတို့ကို ရှုတ်ချတော်မူ၏။

ယောဘဝတ္တု။ 12