ယောဘဝတ္တု။ 1:14-18 Judson Bible (BJB)

14. ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည်လယ်ထွန်လျက်၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက်ရှိကြသောအခါ၊

15. ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။

16. ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်းကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကိုလောင်၍ သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။

17. ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ်တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။

18. ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊

ယောဘဝတ္တု။ 1