ယာ​ကုပ် 2:7-11 Judson Bible (BJB)

7. သင်တို့ကို သမုတ်သော နာမတော်မြတ်ကို သူတို့သည်ကဲ့ရဲ့ကြသည်မဟုတ်လော။

8. ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။

9. သို့မဟုတ်လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။

10. အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင်၊ ပညတ်တရားကို လွန်ကျူးသောအပြစ်ရှိ၏။

11. သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူ သေး၏။ သို့ဖြစ်၍ သင်သည်သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း၊ သူအသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။

ယာ​ကုပ် 2