22. ဂါလိလဲပြည်၌နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ။
23. သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်းရှိကြ၏။
24. ကပေရနောင်မြို့သို့ရောက်သောအခါ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကိုခံသောသူတို့သည် ပေတရုဆီသို့လာ၍ သင်၏ဆရာသည်ဒိဒြမ္မကိုမပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟု ပေတရုဆို၏။
25. ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ထင်သ နည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာအခွန်ကိုခံကြသနည်း။ မိမိသားမှာခံကြသလော။ သူတပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊
26. ပေတရုက၊ သူတပါးမှာခံကြပါသည်ဟုလျှောက်သော်၊ ယေရှုကလည်းသို့ဖြစ်လျှင် သားမူကား လွတ်ရ ၏။ သို့သော်လည်း ထိုသူတို့သည် ငါတို့ကြောင့်မမှားယွင်းမည်အကြောင်း၊ အိုင်သို့သွား၍ ငါးမျှားကိုချလော့။