မဿဲ 15:3-7 Judson Bible (BJB)

3. ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။

4. ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။

5. သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊

6. ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။

7. လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။

မဿဲ 15