မြည်​တမ်း​စ​ကား 5:2-6 Judson Bible (BJB)

2. အကျွန်ုပ်တို့ အမွေခံရာမြေသည် တပါးအမျိုးသားလက်သို့၎င်း၊ နေရာအိမ်တို့သည်လည်း တကျွန်းနိုင်ငံသားတို့လက်သို့၎င်း ရောက်ပါပြီ။

3. အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ်ဖြစ်ကြပါ၏။ အဘဆုံးပါပြီ။ အမိသည်မုတ်ဆိုးမကဲ့သို့နေရပါ၏။

4. ငွေပေးမှရေကို သောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။

5. ထမ်းဘိုးကိုအစဉ်ထမ်းရပါ၏။ မရပ်မနေဘဲ လုပ်ကိုင်ရပါ၏။

6. စားစရာကိုရခြင်းငှါ အဲဂုတ္တုပြည်သား၊ အာရှုရိ ပြည်သားတို့၌ ကျွန်ခံရပါ၏။

မြည်​တမ်း​စ​ကား 5