မြည်​တမ်း​စ​ကား 5:1-4 Judson Bible (BJB)

1. အိုထာဝရဘုရား၊ အကျွန်ုပ်တို့၌ရောက်သောအမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကိုကြည့်ရှု၍ ဆင်ခြင်တော်မူပါ။

2. အကျွန်ုပ်တို့ အမွေခံရာမြေသည် တပါးအမျိုးသားလက်သို့၎င်း၊ နေရာအိမ်တို့သည်လည်း တကျွန်းနိုင်ငံသားတို့လက်သို့၎င်း ရောက်ပါပြီ။

3. အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ်ဖြစ်ကြပါ၏။ အဘဆုံးပါပြီ။ အမိသည်မုတ်ဆိုးမကဲ့သို့နေရပါ၏။

4. ငွေပေးမှရေကို သောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။

မြည်​တမ်း​စ​ကား 5