34. ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု၊
35. လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက်၌ ဖျက်ခြင်းအမှု၊
36. သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ။
37. ထာဝရဘုရားမှာထားတော်မမူဘဲ၊ အဘယ်သူသည် ပြော၍တစုံတခုကို ဖြစ်စေနိုင်သနည်း။
38. အမြင့်ဆုံးသော ဘုရား၏နှုတ်ထွက်ရှိသည်အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ်လော။