မိက္ခာ 7:4-7 Judson Bible (BJB)

4. အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ်၏။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက် ခက်လှ၏။သင်၏ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ်ကြောခြင်းကို ခံရသောနေ့ရက်သည် ရောက်လာပြီ။ နှိပ် စက်နှောင့်ရှက်ရာကာလဖြစ်၏။

5. အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသော သူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သော မယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။

6. အကြောင်းမူကား၊ သားသည် အဘ၏အသရေကို ဖျက်လိမ့်မည်။ သမီးသည် အမိကို၎င်း၊ ချွေးမသည် ယောက္ခမကို၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ်အိမ်သူ အိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။

7. ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။

မိက္ခာ 7