မိက္ခာ 7:11-17 Judson Bible (BJB)

11. သင်၏မြို့ရိုးတည်သောကာလသည် ရောက်လိမ့်မည်။ အမိန့်တော်အရှိန်ကုန်လိမ့်မည်။

12. ထိုကာလ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှ၎င်း၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြားအရပ်မှ၎င်း၊ ပင်လယ်ကမ်းနားအရပ်ရပ်၊ တောင်ခြေရင်းအရပ်ရပ်တို့ မှ၎င်း၊ သင့်ထံသို့ လာကြလိမ့်မည်။

13. ထိုသို့ မဖြစ်မှီ ပြည်သူပြည်သားပြုမိသော ဒုစရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည်။

14. ကိုယ်တော်၏လူတည်းဟူသော အပေါင်းအဘော်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရသော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော်မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ။

15. သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင်သည်အတိုင်း၊ တဖန်အံ့ဩဘွယ်သောအမှုတို့ကို ငါပြမည်။

16. လူအမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှသော တန်ခိုးကိုမြင်၍ မိန်းမောတွေဝေလျက်၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်၍ နားပင်းကြလိမ့်မည်။

17. မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင် ထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။

မိက္ခာ 7