13. တဖန် သင်တို့ပြုသော အမှုဟူမူကား၊ ထာဝရ ဘုရား၏ ယဇ်ပလ္လင်ကို မျက်ရည်ကျခြင်း၊ ငိုကြွေးမြည် တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ။ ထိုကြောင့်၊ ပူဇော်သက္ကာကို မှတ်တော်မမူ။ သင်တို့လက်မှ နှစ်သက်သော စိတ်နှင့် ခံတော်မမူ။
14. အဘယ်ကြောင့်နည်းဟု သင်တို့မေးလျှင်၊ သင့် အသက်ပျိုစဉ်အခါ လက်ထပ်၍ နောက်တဖန် သစ္စာ မစောင့်၊ ပြစ်မှားသော မယားတဘက်နှင့် သင့်တဘက် ၌ ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ထိုမယား သည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင်၏ အဆွေခင်ပွန်း၊ သင်ဖွဲ့သော ပဋိညာဉ်နှင့်ဆိုင်သော မယားဖြစ်သတည်း။
15. တဦးတည်းသော်လည်း၊ ကိုယ်တော်၌ ဝိညာဉ် တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တဦးတည်း ကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သော မယားကို သစ္စာဖျက် ၍ မပြစ်မှားကြနှင့်။