ဗျာ​ဒိတ် 6:6-11 Judson Bible (BJB)

6. သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကိုငါကြား၏။

7. စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ၊ စတုတ္ထ သတ္တဝါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။

8. ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသောအမည်ရှိ၏။ မရဏာ နိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏။

9. ပဥ္စမတံဆိပ်ကိုဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။

10. သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်းဟုကြီးမားသော အသံနှင့် ကြွေးကြော်ကြ၏။

11. ထိုသူတို့၌ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတံ့သော မိမိ လုပ်ဘော်ဆောင်ဘက်ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။

ဗျာ​ဒိတ် 6