ဗျာ​ဒိတ် 21:24-27 Judson Bible (BJB)

24. လူအမျိုးမျိုးတို့သည် ထိုမြို့၏ အလင်းကို အမှီပြု ၍ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။

25. မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်းမပိတ်တတ်။ ညဉ့်မူကား မရှိ။

26. လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။

27. ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။

ဗျာ​ဒိတ် 21