ဗျာ​ဒိတ် 21:22-26 Judson Bible (BJB)

22. မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်၊ အကြောင်းမူ ကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန်ဖြစ် တော်မူ၏။

23. ထိုမြို့သည် နေ၏အရောင်၊ လ၏ အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော် သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။

24. လူအမျိုးမျိုးတို့သည် ထိုမြို့၏ အလင်းကို အမှီပြု ၍ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။

25. မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်းမပိတ်တတ်။ ညဉ့်မူကား မရှိ။

26. လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။

ဗျာ​ဒိတ် 21