ဗျာ​ဒိတ် 2:3-7 Judson Bible (BJB)

3. ခန္တီနှင့်ပြည့်စုံ၍။ ငါ၏နာမကြောင့်ဆင်းရဲခံ၍ အားမလျော့ကြောင်းကို၎င်းငါသိ၏။

4. သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟုသင်၌ အပြစ်တင်စရာရှိ၏။

5. ထိုကြောင့်၊ သင်သည်မရွေ့လျော့မှီ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာ သို့ငါသည်အလျင်အမြန်လာမည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကိုနေရာမှရွှေ့မည်။

6. သို့သော်လည်း ငါမုန်းသောနိကောလ တပည့်တို့၏ အကျင့်ကို သင်လည်းမုန်းသည်ဟု ပြောစရာရှိ၏။

7. ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူ သည်အောင်မြင်၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသောအသက်ပင်၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည်။

ဗျာ​ဒိတ် 2