ဗျာ​ဒိတ် 16:8-11 Judson Bible (BJB)

8. စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည်လူတို့ကို မီးလောင် ရသော အခွင့်ကိုရ၏။

9. ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှါ နောင်တမရကြ။

10. ပဥ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏နိုင်ငံ သည် မှောင်မိုက်အတိဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။

11. မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲ ကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။

ဗျာ​ဒိတ် 16