ဗျာ​ဒိတ် 10:5-8 Judson Bible (BJB)

5. ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ျာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊

6. ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသိတင်းကို ဗျာဒိတ်ထားတော်မူသည် နှင့်စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသော အရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည် ဟုကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကို၎င်း၊ အရပ်ရပ်၌ရှိရှိသမျှတို့ကို၎င်း၊

7. ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ၏။

8. ငါကြားရသော ကောင်းကင်အသံသည် တဖန် ငါ့အား ပြောသည်ကား၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေ သော ကောင်းကင်တမန်၏ လက်၌ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား၍ ယူလော့ဟု ဆိုလျှင်၊

ဗျာ​ဒိတ် 10