28. ထိုကြောင့် သင်တို့သည် သူ့ကိုတဖန် တွေ့မြင်၍ ဝမ်းမြောက်စေခြင်းငှါ၎င်း၊ ငါသည်လည်း သက်သာ ခြင်းငှါ၎င်း၊ သူ့ကို သာ၍ကြိုးစားသည်နှင့် ငါစေလွှတ်၏။
29. သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ထိုသို့ သောသူတို့ကို ရိုသေလေးမြတ်ကြလော့။
30. အကြောင်းမူကား၊ သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံခြင်းငှါ၊ ကိုယ်အသက်ကို စွန့်စား၍ ခရစ်တော်၏အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ။