ဖိ​လိပ္ပိ 2:19-24 Judson Bible (BJB)

19. သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှါ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။

20. အကြောင်းမူကား၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူ သော သူတယောက်မျှ ငါတို့၌မရှိ။

21. လူခပ်သိမ်းတို့သည် ယေရှုခရစ်၏အကျိုးကို မရှာ၊ ကိုယ်အကျိုးကိုသာ ရှာကြ၏။

22. သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။

23. ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါသိ သောအခါ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်းစေလွှတ်မည် ဟု ကြံစည်မြော်လင့်လျက် ငါနေ၏။

24. ထိုမျှမက၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲလမ်းသော စိတ်ရှိ၏။

ဖိ​လိပ္ပိ 2